၁၀ ဒီဇင်ဘာ

 

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတစ်ခု ဖြစ်တဲ့ ''Miss World'' ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲကို လတ်တလောမှာ ကျင်းပခဲ့ရာမှာတော့ ယခုနှစ်ရဲ့ ကမ္ဘာ့အလှမယ်အဖြစ် မက္ကဆီကို နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်ကရရှိခဲ့ကြောင်း အေးရှား ဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

 

ယခုနှစ်ရဲ့ ''Miss World'' ပြိုင်ပွဲကြီးကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က တရုတ်ပိုင် ဟိုင်နန်ကျွန်း ပေါ်မှာရှိတဲ့ ကမ်းရိုးတန်းမြို့တစ်မြို့ ဖြစ်တဲ့ ဆန်ညာမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက အလှ မယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲ ကြီးရဲ့သရဖူကိုတော့ မက္ကဆီကန်လူမျိုး ပရဟိတလှုပ်ရှားသူတစ်ဦးဖြစ်ပြီး အသက်၂၆ နှစ်အရွယ်ရှိတဲ့ အလှမယ် ဗန်နစ်ဆာပွန့်စ်ဒီလွန်းက ပိုင်ဆိုင် နိုင်ခဲ့တာဖြစ်ပါတယ်။

 

သူဟာ နိုင်ငံတကာစီးပွားရေး ဘာသာရပ်နဲ့ ဘွဲ့ရရှိထားသူတစ်ဦး ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေ ရဲ့အရေး လှုပ်ရှားဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ မိန်းကလေးများ ပြန်လည်ထူထောင်ရေးစင်တာရဲ့ ဘုတ် အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ကြောင်း ကမ္ဘာ့အလှမယ် အဖွဲ့ကြီးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်တွေအရ သိရပါတယ်။ ဒါကြောင့် သူဟာ (၆၈)ကြိမ်မြောက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲရဲ့ သရဖူပိုင်ရှင် ဖြစ်လာခဲ့ပြီဖြစ်ပါ တယ်။

 

အေးပြည့်