နေပြည်တော်    စက်တင်ဘာ

 

၁၀--၂၀၂၀ ရက်နေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူ များစာရင်းကို  မြန်မာ့အလင်းနှင့် ကြေးမုံ နေ့စဉ်ထုတ်သတင်းစာများ၌  ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ ရက်နှင့်   ၃၁ ရက်တို့တွင် အချပ်ပိုစာမျက်နှာများဖြင့် ထည့်သွင်းဖော်ပြခဲ့ပါသည်။

 

ကာယကံရှင်များအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများသို့ မိမိအသိစိတ်ဖြင့် ချက်ချင်းသတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ပန်ကြားထားသဖြင့် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

 

(သတင်းစဉ်)