နေပြည်တော် ၆ စက်တင်ဘာ
၁၀-၈-၂၀၂၀ ရက်နေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူ များစာရင်းကို မြန်မာ့အလင်းနှင့် ကြေးမုံ နေ့စဉ်ထုတ်သတင်းစာများ၌ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် အချပ်ပိုစာမျက်နှာများဖြင့် ထည့်သွင်းဖော်ပြခဲ့ပါသည်။
ကာယကံရှင်များအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများသို့ မိမိအသိစိတ်ဖြင့် ချက်ချင်းသတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ပန်ကြားထားသဖြင့် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
(သတင်းစဉ်)


