၁၉ ဒီဇင်ဘာ
အမျိုးသားကေပေါ့ပ်တေးဂီတအဖွဲ့ “PENTAGON” ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဂျင်ဟိုဟာ တစ်ကိုယ်တော် တေးသံရှင် တစ်ဦးအဖြစ်လည်း လှုပ်ရှားခဲ့ပြီးနောက် တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို ဒုတိယ အကြိမ်မြောက်ပြုလုပ်သွားဖို့ရာ စီစဉ်ထားကြောင်း ထုတ်ဖော်ပြော ကြားလာခဲ့တာဖြစ်ပါတယ်။ ဒီ ဖျော်ဖြေပွဲကိုတော့ လာမယ့်နှစ်အတွင်း ပြုလုပ်သွားမှာဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။
ဒီဖျော်ဖြေပွဲမှာတော့ ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ “Magazine HO” မှ တေးသီချင်းတွေကို တိုက်ရိုက်သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပြီး ဖျော်ဖြေပွဲရဲ့အမည်ကိုတော့ “Mini Live Magazine Vol.2-Ready HO” လို့ ပေးထားကြောင်းလည်း သိရပါတယ်။
ဂျင်ဟိုရဲ့ ပထမဆုံးသော တစ်ကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲကိုတော့ ယခုနှစ်မတ်လအတွင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖျော်ဖြေပွဲမှာတော့ ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ သူ့ရဲ့တေးသီချင်းတွေကို ပြန်လည် သီဆိုဖျော်ဖြေခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ သူ့ကို ရေဒီယို ဒီဂျေတစ်ဦးအသွင်နဲ့ တွေ့ခဲ့ရကြောင်းလည်း သိရပါတယ်။
အေးပြည့်