မက္ကဆီကိုစီးတီး ၂၁ ဇန်နဝါရီ

 

မက္ကဆီကိုအလယ်ပိုင်း ဟီဒဲလ်ဂိုပြည်နယ်တွင် လောင်စာဆီပိုက်လိုင်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးမှုများရှိခဲ့ရာ သေဆုံးသူအရေအတွက်မှာ ယခုအခါ ၇၃ ဦးအထိရှိလာပြီဖြစ်ကြောင်း စနေနေ့ ညနေပိုင်းတွင် အဆိုပါပြည်နယ် အုပ်ချုပ်ရေးမှူး အိုမာဖာရက်ဒ်က ပြောကြားခဲ့သည်။

 

ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေရာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသူတို့၏ အလောင်းများကို ပိုမိုတွေ့ရှိလာပြီး ပေါက်ကွဲမှုအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူများမှာ မတူညီသည့်ဆေးရုံ အသီးသီးတို့တွင်သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

 

ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာ ယခုအခါ ၇၄ ဦးရှိပြီး ၄င်းတို့ ထဲတွင် ၂၄ ဦးမှာ ဟီဒဲလ်ဂိုပြည်နယ်ရှိ ဆေးရုံများတွင်ဆေးကုသမှုခံယူရလျက် ရှိကြောင်း၊ မက္ကဆီကိုစီးတီးနှင့် အခြား မြို့များရှိ ဆေးရုံများတွင် တက်ရောက် နေရသူ အယောက် ၅၀ ရှိကြောင်း သိရသည်။ မူလကဖော်ပြချက်တွင် သေဆုံးသူ ၇၁ဦးထက်မနည်းဖြစ်ပြီး ၇၆ ဦးဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်။ 

 

ဆင်ဟွာ