မြဝတီ  ၁၀  စက်တင်ဘာ  

 

ထိုင်းနိုင်ငံမှ   မြန်မာရွှေ့ပြောင်းလုပ်သား ၂၈၄ ဦးသည်    မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့်   ယနေ့တွင်  ဆက်လက် ဝင်ရောက်လာကြောင်း သိရသည်။


 
ပြန်လည်ဝင်ရောက်လာသူများအား ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးမှုနှင့်  အခြားသော  လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့်  မေ ၁ ရက်မှ ၃၁ ရက်အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ   ၃၀ ရက်အထိ  ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက် မှ  ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ  ၃၁ ရက်အထိ ၁၅၉၉၈ ဦး၊ စက်တင်ဘာ ၁ ရက် မှ ၁၀ ရက်နေ့အထိ   ၅၀၃၈  ဦး  စုစုပေါင်း ၇၆၂၀၁ ဦးတို့   ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ 

 

ယနေ့  ပြန်လည်ဝင်ရောက်သူ များမှာ တိုင်းဒေသကြီး၊   ပြည်နယ်များမှ  အမျိုးသား ၁၇၈ ဦး၊ အမျိုးသမီး ၁၀၆ ဦး  စုစုပေါင်း ၂၈၄ ဦးဖြစ်ပြီး သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။    


 
ထိန်လင်းအောင်(ပြန်/ဆက်)