မုဒုံ ၂၉ အောက်တိုဘာ

အင်ဒိုနီးရှားနိုင်ငံ SEAMEO QITEP in Mathematics Regular Course Training in Indonesia   ၌ သင်္ချာဘာသာဖြင့် ပထမဆုရရှိခဲ့သော မွန်ပြည်နယ်၊ မုဒုံမြို့ ပညာရေးဦးစီးဌာန၏ ဂုဏ်ဆောင်  အ.ထ.က (၂) မုဒုံ ကျောင်းအုပ်ဆရာကြီး ဦးမောင်ညိုအား မုဒုံမြို့တွင် ယနေ့ နံနက်ပိုင်းက မြို့သူ/မြို့သားများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ သင်တန်းကို အောက်တိုဘာ ၁၀ ရက်မှ ၂၃ ရက်အထိ SEAMEO General Centre တွင် ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အခြားနိုင်ငံပေါင်း (၃၀)မှ သင်တန်းသား ၃၀  တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)