လောင်းလုံး ၂၃ အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်  မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးဝါက ပန်းချီပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် စိတ်ကူးစိတ်သန်း ကောင်းစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ပန်းချီပြိုင်ပွဲတွင် သေသပ်မှု၊ ဆေးသားကောင်းမှု၊ စိတ်ကူးစိတ်သန်း ကောင်းမှုများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ (က)ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းက ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ် ပန်းချီဆရာမ ဒေါခင်မိုးမိုးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်မိုးဝါတို့က ဆောင်ရွက်ကြပြီး ဆုရရှိသော မမြတ်ပြည့်ပြည့်ခင် (ပထမဆု)၊ မဟေမာန်စိုး (ဒုတိယဆု)၊ မနှင်းနဒီဝေ (တတိယဆု) တို့အား အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မိုးဝါ(ပြန်/ဆက်)