နေပြည်တော် ၁၃ စက်တင်ဘာ

 

ရန်ကုန်တိုင်း​ဒေသကြီး သုဝဏ္ဏ​ ဘောလုံးအားကစားကွင်း​နေရာ၌ အ​ရေး​ပေါ် Quarantine Center ယာယီ အဆောက်အဦ (၄)လုံးအတွက် လျှပ်စစ်ဓာတ်အား​ပေးနိုင်​ရေး ယနေ့​ဆောင်ရွက်​လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

 

ရန်ကုန်တိုင်း​ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ​​ ဘောလုံးအားကစားကွင်း​နေရာ၌ အ​ရေး​ပေါ် Quarantine Center ယာယီအ​ဆောက်အဦ (၄)လုံးအတွက် လျှပ်စစ်ဓာတ်အား​ပေးနိုင်ရန် 11/6.6-0.4kV, 200kVA Transformer (၄)လုံးကို လျှပ်စစ်ဝန်ထမ်းများမှ အချိန်နှင့်တစ်ပြေးညီ တည်ဆောက်တပ်ဆင်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

MDN

Photo- YESC-CallCenter