နေပြည်တော် ၁၃ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏ ဘောလုံးအားကစားကွင်းနေရာ၌ အရေးပေါ် Quarantine Center ယာယီ အဆောက်အဦ (၄)လုံးအတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ယနေ့ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ဘောလုံးအားကစားကွင်းနေရာ၌ အရေးပေါ် Quarantine Center ယာယီအဆောက်အဦ (၄)လုံးအတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ရန် 11/6.6-0.4kV, 200kVA Transformer (၄)လုံးကို လျှပ်စစ်ဝန်ထမ်းများမှ အချိန်နှင့်တစ်ပြေးညီ တည်ဆောက်တပ်ဆင်ပေးလျက်ရှိကြောင်း သိရှိရသည်။
MDN
Photo- YESC-CallCenter


