ခိုင်ကမ်း ၁၅  စက်တင်ဘာ

 

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမတွင်  ယနေ့ နံနက် ၁၁ နာရီအချိန်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး  (Talk Show )ပြုလုပ်ခဲ့ပါသည်။

 

ဆွေးနွေးပွဲတွင် ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဉီးလှမျိုး ၊ ခိုင်ကမ်းနယ်မြေ ရဲစန်းမှ ဒုရဲအုပ်ဇော်မင်းထိုက် ၊ မြို့လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဦးပီတာငိုင်အွမ်း တို့မှ  လူကုန်ကူးမှု လူမှောင်ခိုမှု နှင့်တရားမဝင်ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု ကျူးလွန်သူတို့၏ ပြစ်မှုပြစ်ဒဏ် ဆိုင်ရာ သိကောင်းစရာများနှင့်  လူကုန်ကူးခံရသူများ ဂုဏ်သိက္ခာထိခိုက်မှုမရှိစေရေးကိစ္စရပ်များ စသည့် သိကောင်းစရာများကို ဆွေးနွေးခဲ့ကြပါသည်။

 

အဆိုပါ  Takl Show သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် နှင့် အများပြည်သူ ဗဟုသုတရရှိနိုင်စေရန် Online မှ ဆွေးနွေးအသိပညာမျှဝေခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

 

ဝုန်လွန်းညောင်(ခိုင်ကမ်း)