ခိုင်ကမ်း ၁၅ စက်တင်ဘာ
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show )ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဉီးလှမျိုး ၊ ခိုင်ကမ်းနယ်မြေ ရဲစန်းမှ ဒုရဲအုပ်ဇော်မင်းထိုက် ၊ မြို့လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဦးပီတာငိုင်အွမ်း တို့မှ လူကုန်ကူးမှု လူမှောင်ခိုမှု နှင့်တရားမဝင်ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု ကျူးလွန်သူတို့၏ ပြစ်မှုပြစ်ဒဏ် ဆိုင်ရာ သိကောင်းစရာများနှင့် လူကုန်ကူးခံရသူများ ဂုဏ်သိက္ခာထိခိုက်မှုမရှိစေရေးကိစ္စရပ်များ စသည့် သိကောင်းစရာများကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ Takl Show သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် နှင့် အများပြည်သူ ဗဟုသုတရရှိနိုင်စေရန် Online မှ ဆွေးနွေးအသိပညာမျှဝေခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)


