ရန်ကုန် ၁ နိုဝင်ဘာ 
 
မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက စာကြည့်တိုက်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကြီးမှူးဖွင့်လှစ်သော အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၁၈) ကို ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အထိ နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိ ရန်ကုန်မြို့ ပြည်လမ်း စိန်ရတုခန်းမရှိ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း သင်တန်းခန်းမ (၂) ၌ ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါသင်တန်းတွင် စာကြည့်တိုက်ပညာရပ်ကို စိတ်ပါဝင်စား လေ့လာလိုသူ မည်သူမဆို တက်ရောက်နိုင်ပြီး စာရွက်စာတမ်းများအတွက်  ငွေကျပ် (၂၀ဝ၀ဝ) ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
 
သင်တန်းလျှောက်လွှာများကို မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း သင်တန်းခန်းမ (၂) နှင့်  စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်  အမှတ် ၅၂၉/၅၃၁ ကုန်သည်လမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တွင် ရယူနိုင်ပြီး လျှောက်လွှာများကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ အထက်ဖော်ပြပါလိပ်စာများသို့ လိပ်မူ၍ဖြစ်စေ၊ [email protected] သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။ 
 
(သတင်းစဉ်)