ကြံခင်း ၂၁ ဇန်နဝါရီ
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးဌာနတို့ ပူးပေါင်း၍မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကြံခင်းမြို့မဈေးကြီးနှင့် မွန်းလွဲပိုင်းတွင် ဘက်ရဲဈေးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးစီးမှူး၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဦးစီးဌာန ဦးစီးမှူးတို့က မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ စသည့်အကြောင်းများ ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးက ဈေးသူဈေးသားများနှင့် ပြည်သူများအား မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသ၍ ပြည်သူများအား လက်တွေ့ ပြုလုပ်ဆောင်ရွက်လေ့ကျင့်ပေးခဲ့ကြောင်းနှင့် သရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင် နှင့် ဈေးကော်မတီအဖွဲ့ဝင်များ ၊ မီးသတ်အဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပို့ပို့(ပြန်/ဆက်)
