မောင်တော ၂၁ ဇန်နဝါရီ   

 
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၊မြို့မကျောင်းတိုက်၌ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီက နံ့သာတောင် အခမဲ့ပညာဒါန ပရဟိတကျောင်း၏ (၇) ကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ကျောင်းသား စုံညီပွဲတော် ကျင်းပခဲ့သည်။


အဆိုပါ စုံညီပွဲတော်တွင် ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ အဖွင့်ရတု သီဆိုပြီး နံ့သာတောင် အခမဲ့ ပညာဒါန ပရဟိတကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော် ဆရာတော် ဘဒ္ဒန္တစရဏ နှင့် ခရိုင် ပညာရေးမှူး ဦးခင်အောင် တို့က ဆုံးမ သြဝါဒနှင့် လမ်းညွန် အမှာစကား ပြောကြားခဲ့ပြီး ၊ မြို့မမြို့ဖ ဦးအောင် ကျော်ညွန့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 


ထို့နောက် ပဉ္စမတန်းမှ ဒသမတန်းအထိ ပညာရည်ချွန်ဆုနှင့် အားကစား ထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက အက၊ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကာ ကံစမ်းမဲများလည်း ဖွင့်ဖောက်ပေးခဲ့ကြကြောင်း သိရသည်။

 
သက်လွင်စိုး(ပြန်/ဆက်)