နတ်မောက် ၁၅  နိုဝင်ဘာ 
 
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တို့ပူးပေါင်း၍ နတ်မောက်မြို့နယ် ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကားဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက တံခွန်တိုင် ကျေးရွာ(အ.ထ.က)(ခွဲ)ကျောင်းသို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် အသိပညာပေး နံရံကပ်၊ ဓါတ်ပုံ ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ဝင်းမေထွန်း (စာထောက်-၃)က ရွှေ့ပြောင်းသွားလာခြင်းအတွက် တရားဝင် ရွှေ့ပြောင်းသွားလာခြင်းတွင် လိုအပ်သော အချက်အလက်များနှင့် တရားမဝင်ရွှေ့ပြောင်းသွားလာခြင်းကြောင့် ဖြစ်ပေါ်ရသော အခြေခံအချက် အလက်များကို ဟောပြော ဆွေးနွေးခဲ့ပြီး အသိပညာပေး နံရံကပ်၊ ဓါတ်ပုံပြပွဲများပြသခဲ့သည်။ 
 
ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခဲ့ပြီး ဆက်လက်၍လည်း ပိတောက်ငုတ် (အ.လ.က)(ခွဲ)၊ အင်းကုန်း(အ.မ.က) ကျောင်းများသို့လည်း သွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဥမ္မာခင်