မတ္တရာ ၂၁ ဇန်နဝါရီ
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အထက(မတ္တရာ)တွင် KG နှင့် မူလတန်းကျောင်းသား ကျောင်းသူများကစားနိုင်ရန်အတွက် ကစားကွင်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကစားကွင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်နိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးကေသီကျော်နှင့် အလှူရှင်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသူများမှ ကစားကွင်းအတွင်း လှည့် လည်ကြည့်ရှုကြရာ ကျောင်းအုပ်ဆရာမကြီးမှ ရှင်းလင်းပြသပေးခဲ့သည်။ အဆိုပါကစားကွင်းကို အထက(မတ္တရာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးကေသီကျော်နှင့် ဆရာ၊ ဆရာမများ၊ အလှူရှင်များ စုပေါင်း၍ ငွေကျပ်သိန်း ၅၀ ကျော်ခန့် အကုန်ကျခံဆောက်လုပ်လှူဒါန်းခဲ့သည်။
ကျောင်းကစားကွင်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ အလှူရှင်များ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)