ကျွန်းစု ၂၁ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်စုမြို့နယ်တွင် အပူပိုင်းမုန်တိုင်း နို(လ်)၏ အရှိန်ကြောင့် မိုးအဆက်မပြတ် ရွာသွန်းပြီး ထူးကဲဒီရေတက်ကာ လေပြင်းများနှင့် ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ယမန်နေ့ နေ့လယ်ပိုင်းက နေအိမ်နှင့် လုပ်ငန်းသုံးစက်လှေများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

လေပြင်းများတိုက်ခတ်ပြီး ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ချောင်းကြီးဝကျေးရွာတွင် တစ်စိတ်တစ်ပိုင်း ပျက်စီးသော နေအိမ် (၂၇)အိမ်နှင့် နေအိမ် (၁၁)အိမ် ပြိုကျပျက်စီးခဲ့ကြောင်း၊ ရေကန်တောင် ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းနေအိမ် (၈)လုံး၊ တောပြားကျေးရွာတွင် တစ်စိတ်တစ်ပိုင်းနေအိမ် (၁၂)လုံးနှင့် နေအိမ် (၇)လုံး ပြိုကျပျက်စီးခဲ့ကြောင်း၊ သဲတန်းကျေးရွာတွင် နေအိမ် (၈)လုံး၊ အုတ်ဖိုမော် ကျေးရွာတွင် တစ်စိတ်တစ်ပိုင်း (၁၄)လုံး၊ နေအိမ် (၂၇)လုံးနှင့် လုပ်ငန်းသုံးစက်လှေ (၅)စီး၊ တာလပိုင်း ကျေးရွာတွင် တစ်စိတ်တစ်ပိုင်း (၁၄)အိမ်နှင့် နေအိမ် (၁)လုံး၊ မဆန်းအော်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်း (၂)လုံး၊ ဝါးအော်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်း (၆၂)လုံး၊ စခန်းသစ်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်း (၂၆)လုံးနှင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက သိရသည်။

 

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ လူ/တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုများ မရှိကြောင်း၊ ရေဘေးကြောင့် နေအိမ် အပျက်အစီးများအား ကျေးရွာတာဝန်ခံများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြောင်းနှင့် ဘေးသင့်မိသားစုဝင်များအား ကျေးရွာရှိဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွှေ့ နေထိုင်နိုင်ရေး စီစဉ်ပေးခဲ့ကြောင်း သိရသည်။

 

မင်းကျော်စော (ပြန်/ဆက်)