ကော့သောင်း ၂၁ စက်တင်ဘာ

 

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် တရုတ်နိုင်ငံမှ လာရောက်သည့် MT.GLOBAL FLORA သင်္ဘောပေါ်မှ သင်္ဘောသား(၉)ဦး၊ ယူကရိန်းနိုင်ငံမှ လာရောက်သည့် M.V AMIS KALON သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ မလေးရှားနိုင်ငံမှ လာရောက်သည့် MT CHEMROAD QUEEN သင်္ဘောပေါ်မှ သင်္ဘောသား(၁၅)ဦး၊ စုစုပေါင်း သင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၂၇)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၂၇)ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MT.GLOBAL FLORA သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးဝင်းမင်းထက်ပါ သင်္ဘောသား (၉)ဦး၊ M.V  AMIS KALON သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးကျော်ခန့်ဇင်ပါ သင်္ဘောသား (၄)ဦး၊ MT CHEMROAD QUEEN သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးမင်းစိုးဦးပါ  သင်္ဘောသား (၁၂)ဦးတို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများဖြစ်သည်။

 

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၂၇)ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၁၄)ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)