သာကေတ ၂၁ စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်၊ ကုသစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် သာကေတမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇင်္ဂမလမ်းမကြီးနေ မြန်မာ့တိုင်းရင်း ဆေးဆရာကြီး(သြ/သု) ဦးရန်အောင်+ဆရာမဒေါ်မြင့်မြင့် ရွှေဟင်္သာညီနောင်ဆေးတိုက် မိသားစုမှ ယမန်နေ့နံနက် ၁၁ နာရီက ဇဗ္ဗူ့ပညာစာကြည့်တိုက်တွင် အလှူငွေကျပ် (၉၀)သိန်းအား လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာ၌ သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသစောင့်ရှောက်ရန်အတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ ငွေကျပ်သိန်း (၇၀) နှင့် သာကေတမြို့နယ် ၆/အနောက်ရပ်ကွက်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ငွေကျပ်သိန်း (၂၀) ကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)