ကလေး ၂၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပေါ်ရှိ မီးခွက်ဈေးတွင် ဈေးသူ/ဈေးသားများနှင့် ဈေးဝယ် ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များ အသိပညာပေးဆွေးနွေးကာ Mask များဖြန့်ဝေပေးခြင်း (Mask Campaign)ကို ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၅ နာရီအချိန် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ကြရာတွင် ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေး မှူး ဦးခင်မောင်ချို၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ဦးနှင့် ဦးစီးအရာရှိများ၊ ရုံးဝန်ထမ်းများသည် ကလေးမြို့နယ် မီးခွက်ဈေးသို့ သွားရောက်ပြီး ဈေးသူဈေးသားများ၊ ဈေးဝယ်ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဈေးသူဈေးသားများ၊ ဈေးဝယ်ပြည်သူများအား Mask များ စနစ်တကျမှန်ကန်စွာတပ်ဆင်ကြစေရန် အသိပညာပေးခြင်းနှင့် Mask များဖြန့်ဝေပေးခြင်း(Mask Campaign)ကို စုပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။
မာန်လမ့်တွောင်(ပြန်/ဆက်)