ဖာပွန် ၂၂ စက်တင်ဘာ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦး၊ ဖာပွန်မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး မြင့်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ထိုက်ယဉ်ဝင်းနှင့် တာဝန်ရှိသူများက ဖာပွန်မြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စျေးရောင်းချသူများအနေဖြင့် စျေးဝယ်သူများနှင့် စားသုံးသူများအား ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ နှာခေါင်းစည်း Mask များ တပ်ဆင်ထားရန်၊ လက်အိပ်ဝတ်ဆင်ပြီး စျေးရောင်းချရန် ဆိုင်ဖွင့်လှစ်ရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပြင်ဆင်ထားရှိရမည့် အချက်များကို အထူးဂရုပြုလိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)