လက်ပံတန်း ၂၄ နိုဝင်ဘာ 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာန၊ Woman Club Book Club တို့ပူးပေါင်း၍ (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် အမျိုးသားအောင်ပွဲနေ့သရုပ်ဖော်ပန်းချီပြိုင်ပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက ကလေးစာဖတ်ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အမျိုးသားအောင်ပွဲနေ့ ဖြစ်တည်လာပုံနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် မမေ့သင့်မမေ့အပ်သော နေ့တစ်နေ့ကို အစဉ်အမြဲ သတိရနေစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်းနှင့် ဆရာဦးဝင်းခိုင်သန်းက ပန်းချီပြိုင်ပွဲ စည်းမျည်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

 အဆိုပါပြိင်ပွဲတွင် လက်ပံတန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ၂၀ ပညဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ဒုတိယဆု၊တတိယဆုနှင့် အထူးဆု နှစ်ဆု ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်းရသည်။

 

မြို့နယ်၊ပြန်/ဆက်