ထန်းတပင် ၂၃ နိုဝင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဘာသာရပ်အလိုက် စွမ်းရည် မြင့်မားတိုးတက်စေရေးအတွက် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ထန်းတပင်)၊ အ.မ.က(၁)၊ အ.မ.က(၃)နှင့် အ.မ.က(၄) အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းရည်ပြိုင်ပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/သူများကို မြို့နယ်ပညာရေးမှူး ဦးဘသိန်းနှင့် တာဝန်ရှိသူများက စာမေးပွဲ ဖြေဆိုနေကြသည့် ခန်းမဆောင်များသို့ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စွမ်းရည်ပြိုင်ပွဲကို ထန်းတပင်မြို့နယ်အတွင်းရှိ မူလတန်းအဆင့် အင်္ဂလိပ်စာဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၄၉ ဦး၊ သင်္ချာဖြေဆိုသူ ၄၈ ဦးနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၉၅ ဦး၊ သင်္ချာဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၉၄ ဦး စုစုပေါင်း ၂၈၆ ဦး ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)