ရန်ကုန် ၂၇ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့များက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်​​ မြေပြင်တွင် ထိ​တွေ့​ဆောင်ရွက်​နေရသူများ အဆင်ပြေစေရန်တို့အတွက် ပိုးတွေ့လူနာများထားရှိရာ Quarantine Center များတွင် တာဝန်ထမ်းဆောင်​နေကြရ​သော  စည်ပင်သာယာမှ တာဝန်ရှိဝန်ထမ်းများ၊ သန့်ရှင်း​ရေးဝန်ထမ်းများ စုစုပေါင်း ၁၆၀၊ ကြက်​ခြေနီတပ်ဖွဲ့ဝင် ၄၀ တို့အတွက် အလှုရှင်များမှ လှူဒါန်းထား​သော ဆန်(၆)ပြည်ပါ ဆန်အိတ်အလုံး (၂၀၀)နှင့် M-PRIDE ကုမ္ပဏီမှ လှူဒါန်းထား​သော မုန့်မျိုးစုံနှင့် ဆီဘူး (၂၀၀)တို့အား ကိုဗစ်-၁၉ ​ကော်မတီဝင်များနှင့် အလှူရှင်များက ယ​နေ့နံနက်က လှိုင်မြို့နယ်စည်ပင်သာယာ​ရုံးတွင် စည်ပင်ဝန်ထမ်းများ လက်ဝယ်အ​ရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အလှူရှင်များမှ လှူဒါန်းပေးခြင်းဖြင့် လှိုင်မြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားရှိသော Stay at Home ကာလတွင် စည်ပင်သာယာနှင့် ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၏ မိသားစုများအနေဖြင့် စားသောက်ရေးအတွက် အခက်အခဲမရှိ တတ်နိုင်သမျှ အဆင်ပြေစေရန် ရည်ရွယ်ပြီး တစ်ဖက်တစ်လမ်းမှ တတ်အားသ​ရွေ့ ပါဝင်ကူညီ လှူဒါန်းပေးကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကြည်​​​ဇေ​သော်( ပြန်/ဆက်)