သံတောင် ၂၁ နိုဝင်ဘာ  

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ် တွင် ၂၀၁၈-၂၀၁၉  ပညာသင်နှစ်   မြို့နယ်အဆင့် အခြေခံ ပညာမူလတန်းနှင့်အလယ်တန်းအဆင့်အင်္ဂလိပ်စာ  သင်္ချာစွမ်းရည်ပြိုင်ပွဲကို  ယနေ့နံနက် ၉ နာရီက  သံတောင်မြို့ အခြေခံပညာအထက်ကျောင်း၌ကျင်းပပြုလုပ်သည်။

သင်္ချာစွမ်းရည်ပြိုင်ပွဲတွင်  စတုတ္ထတန်း ကျောင်းသား ကျောင်းသူ ၁၅ဦး၊  ပဉ္စမတန်းကျောင်းသား ကျောင်းသူ ၁၃ ဦး၊ ဆဌမတန်းကျောင်းသား ကျောင်းသူ  ၁၃ဦး၊  သတ္တမတန်းကျောင်းသား ကျောင်းသူ ၁၅ ဦး၊  အဌမတန်းကျောင်းသား ကျောင်းသူ ၁၄ ဦး  ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 


အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်  စတုတ္ထတန်း ကျောင်းသား ကျောင်းသူ ၁၆ ဦး၊  ပဉ္စမတန်း ကျောင်းသား ကျောင်းသူ  ၁၁ ဦး၊  ဆဌမတန်း ကျောင်းသား ကျောင်းသူ ၁၂ ဦး၊  သတ္တမတန်း ကျောင်းသား ကျောင်းသူ ၁၁ ဦး၊  အဌမတန်း ကျောင်းသား ကျောင်းသူ ၁၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူများက ရေးဖြေစာမေးပွဲအတွက် အမှတ်(၈၀) ဖြေဆိုရမည်ဖြစ်ပြီး  နှုတ်ဖြေအတွက်အမှတ်(၂၀)ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)