မာန်အောင် ၁၉  နိုဝင်ဘာ 

ကျောင်းသားကျောင်းသူများ ဘာသာရပ်အလိုက် စွမ်းရည်ထက်မြက်စေရန်အတွက် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဈေးတန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုသူ ၄၀၊ သင်္ချာဖြေဆိုသူ ၄၄ ဦးနှင့် မူလတန်းအဆင့်တွင် အင်္ဂလိပ်စာဖြေဆိုသူ ၁၀  ဦး၊  သင်္ချာဖြေဆိုသူ ၁၁ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သိန်းဖေ( ပြန်/ဆက်)