၂၆ ဒီဇင်ဘာ
ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ရက်မှာ အဆိုတော်မိုင်လေဆိုင်းရပ်စ်ဟာ သူနဲ့နှစ်ပေါင်းများစွာ တွဲလာတဲ့ချစ်သူ လီယံဟမ်စဝက်စ်နဲ့ တိတ်တဆိတ်လက်ထပ်ခဲ့တဲ့အတွက် ပရိသတ် အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။
အခုအခါမှာလည်း သူတို့စုံတွဲမှာ ကလေးရှိလာတော့မှာလားလို့ မိုင်လေရဲ့မိတ်ဆွေတွေက ထင်ကြေးပေးနေကြပါတယ်။ အသက် ၂၆ နှစ်အရွယ် မိုင်လေနဲ့ အသက် ၂၈ နှစ်အရွယ် လီယံတို့ဟာ မိုင်လေရဲ့နေအိမ်မှာပဲ ဒီဇင်ဘာ ၂၃ ရက်က လျှို့ဝှက်စွာလက်ထပ်ပွဲ ပြုလုပ်ခဲ့တယ်လို့ယူဆရပါတယ်။ အဲဒီမတိုင်ခင်က မိုင်လေတို့စုံတွဲနဲ့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေကိုတောင် လက်ထပ်ပွဲအကြောင်း အသိပေးတာမျိုး မရှိခဲ့ပါဘူး။
ဒါကြောင့် သူတို့နှစ်ဦးဟာ ကလေးရှိလာလို့ ကောက်ကာငင်ကာ လက်ထပ်လိုက်တယ်လို့ ထင်ကြေးပေးခံရတာပါ။ မိုင်လေဆိုင်းရပ်စ်တို့စုံတွဲဟာ ၂၀ဝ၉ ခုနှစ်ကစတင် တွေ့ဆုံခဲ့ပြီး The Last Song ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးရင်း တွေ့ဆုံခဲ့ကြတာပဲဖြစ် ပါတယ်။
၂၀၁၀ မတ်လ အော်စကာဆုပေးပွဲ ပရိသတ်တွေရှေ့မှာ တရားဝင်တွဲခဲ့ကြပါတယ်။ နှစ်နှစ်လောက်တွဲပြီးတဲ့အခါမှာတော့ စေ့စပ်ကြောင်းကြေညာခဲ့ပါတယ်။ ကြားထဲမှာ လမ်းခွဲခဲ့ကြပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ပြန်အဆင်ပြေခဲ့ပြီး အဲဒီနောက် ကစလို့ လက်တွဲမဖြုတ်ဘဲ ရှေ့ဆက်ခဲ့ကြပါတယ်။
ဟောလိဝုဒ်လိုက်ဖ်