၂၇ ဒီဇင်ဘာ
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီး တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ "TWICE"ဟာ အော်ရီကွန်က ရွေးချယ်ဖော်ပြခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ လူကြိုက် အများဆုံးသော တေးသံရှင် စာရင်းမှာ ပါဝင်ခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။ "TWICE" ဟာ ယင်းစာရင်းမှာ နံပါတ် ၁၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး ဒီစာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ တစ်ခုတည်းသော ကေပေါ့ပ်အနုပညာ ရှင်လည်း ဖြစ်တယ်လို့ သိရပါတယ်။
အော်ရီကွန်က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁၅ ရက်အတွင်း ပရိသတ် ၂၀၀၀၀ ကို အကြိုက်နှစ်သက်ဆုံးသော အနုပညာရှင် အမည်ကို စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီစာရင်းမှာတော့ တေးသံရှင် ၅၀ အနက် ကြိုက်နှစ်သက်တဲ့ အနုပညာရှင်ကို ရွေးချယ်စေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အေးပြည့်