ပေါ့ပ်ကြယ်ပွင့် ဒေမီလက်ဗားတိုးဟာ ဆေးလွန်မှုကြောင့် ကုသမှုတွေ ခံယူခဲ့ရပြီး ပြန်လည်ကျန်းမာ လာခဲ့ပြီဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့်ဟာ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ ဒီဓာတ်ပုံတွေမှာတော့ သူ့ကို ကျန်းမာလန်းဆန်းနေပုံပေါ်နေတာကို တွေ့ရကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက် တွေအရ သိရပါတယ်။

 

ဒေမီလက်ဗားတိုးဟာ ခရစ္စမတ်အကြိုနဲ့ ခရစ္စမတ်နံနက်ခင်းက ပုံရိပ်တွေကို သူ့ရဲ့ အင်စတာဂ ရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာပါ။ ဒီနှစ် ခရစ္စမတ်မှာတော့ ဒေမီလက်ဗားတိုးဟာ သူ့ကို ချစ်ခင် သူတွေ အထူးသဖြင့် မိသားစုဝင် တွေ၊ သူ့ရဲ့ အိမ်မွေးခွေးလေးတွေနဲ့အတူ ရှိနေခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

လွန်ခဲ့တဲ့ ခြောက်လခန့်က ဒေမီလက်ဗားတိုးဟာ ဆေးလွန်တာကြောင့် ဆေးရုံတက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် မှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ မှာတော့ ပေါ့ပ်ကြယ်ပွင့်ဟာ သူ့ရဲ့ ကျန်းမာရေးကိုသာ ဂရုစိုက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့် -စုစည်းသည်