၃၁ ဒီဇင်ဘာ
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသား လီဆန်းဂီနဲ့ မင်းသမီး ဆူဇီတို့ရဲ့ ဇာတ်လမ်းတွဲသစ် “Vagabond” အတွက် ထုတ်လွှင့်မယ့်ရက်ကို လတ်တလော မှာတော့ ထုတ်ဖော်ပြောကြားပေးလိုက်ပြီဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ကြေညာချက်အရ “Vagabond” ဇာတ်လမ်းတွဲကို လာမယ့် မေလအတွင်း စတင်ထုတ်လွှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်ပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။
“Vagabond” ဇာတ်လမ်းတွဲဟာ စုံထောက်ရုပ်ရှင်လို့ ဆိုရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ခဲ့တဲ့ အမျိုးသား တစ်ဦးအကြောင်းကို ဇာတ်လမ်းဆင်ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း ဒီဇာတ်လမ်းတွဲမှာ ခေါင်းဆောင်တွေအဖြစ် ပါဝင်သွားမှာဖြစ်ကြောင်း လီဆန်းဂီနဲ့ ဆူဇီတို့က အတည်ပြုပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မင်းသား လီဆန်းဂီက ဒီဇာတ်လမ်းတွဲမှာ ချာဒယ်ဂွန်းနေရာကနေ ပါဝင်သွားမှာဖြစ်ပြီး သူပါဝင်ထားတဲ့ ဇာတ်ကောင်ဟာ လျှို့ဝှက်ကြံစည်ထားတဲ့ ယာဉ်တိုက်မှုတစ်ခုရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ဆူဇီကတော့ ဒီဇာတ်လမ်းတွဲမှာ စုံထောက်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
“Vagabond” ဇာတ်လမ်းတွဲဟာ လီဆန်းဂီနဲ့ ဆူဇီတို့ရဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံခွင့်ရခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ ယိုအင်စစ်က တာဝန်ယူရိုက်ကူးပေးသွားမှာဖြစ်ပြီး ဇာတ်လမ်းကိုတော့ ဂျန်ယောင်ချူးက ရေးသားပေးထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ယခင်က “Giant” နဲ့ “Incranation of Money” ရုပ်ရှင်တွေမှာ တွဲဖက်ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
အေးပြည့်