နိုဝင်ဘာ ၁၃

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ဂီလ်ဂစ်ဘာလ်တီစတန်(ဂျီဘီ)ဒေသရှိ မြစ်အတွင်းသို့ ခရီးသည်တင် ကားတစ်စီးထိုးကျမှု ယမန်နေ့ကဖြစ်ပွားခဲ့ပြီးနောက် ၁၆ ဦး ထက်မနည်းသေဆုံးပြီး အခြားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ခရီးသည်တင်ကားပေါ်တွင် ခရီးသည် ၂၆ ဦး တင်ဆောင်လာပြီး ဒါမာခရိုင် တာလီချီဒေသရှိမြစ်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်သည်ဟု ယင်းဒေသ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။ ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ယင်းနေရာသို့သွားရောက်ကာ ခရီးသည်နှစ်ဦး၏ အသက်ကိုကယ်ဆယ်နိုင်ခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များက ၁၆ ဦး၏ ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူနှစ်ဦးကိုတွေ့ရှိခဲ့ကြောင်းနှင့် ရှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကားပေါ်တွင် မင်္ဂလာဆောင်သွားရောက်မည့်သူများ လိုက်ပါလာပြီး ဂျီဘီဒေသမှ နိုင်ငံအရှေ့ပိုင်း Chakwal ခရိုင်သို့ ဦးတည်သွားနေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို