ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ဆံကေသာဓာတု ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော တွံတေးမြို့ကျက်သရေဆောင် သာသနာ့သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲကို ၁၃၈၆ ခုနှစ် ကဆုန်လပြည့် မေ ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ အဆိုပါစေတီတော်ရင်ပြင်ရှိ ဗောဓိပင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေဆံတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ်၌ “လွန်ဆွဲပွဲ” ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မိုးခေါ်လို၍ “လွန်ဆွဲပွဲ”ကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်းအမှတ်(၃)ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေတင်ပြခြင်း ခြုံငုံသုံးသပ်ချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဘုရင့်နောင်လမ်းမကြီးနှင့် ကန်သာယာ(၁)လမ်းထောင့်ရှိ ရေကန်အား အများပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်စေရန် ပြုပြင်ဆောင်ရွက်နေမှုနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါးတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရပ်စောက်မြို့နယ်၌ မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် ရေရရှိရေးလုပ်ငန်းများဆောင်ရွက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ ရာသီမရွေးရရှိစေရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေ ၁၉ ရက် နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တော ခေတ်မီစံပြကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
မနက်ပိုင်းရွှေဈေး