ကျုံ​ပျော်   ၁၈   သြဂုတ်

 

ကိုယ်ဝန်​ဆောင်မိခင်များ ကျန်းမာ​ရေးအထူး​ကောင်းမွန်ရန်၊ ​မွေးဖွားသည့်က​လေးငယ်များ ကျန်းမာသန်စွမ်း​ပြီး ဉာဏ်ရည်​ဖွံ့ဖြိုးစေရန်အတွက် ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ မိခင်နှင့်က​လေးကျန်းမာ​ရေးဌာနတွင် ကိုယ်ဝန်​ဆောင်မိခင်များအတွက် အာဟာရဖွံ့ဖြိုး​ရေး ရက်သတ္တပါတ်လှုပ်ရှားမှုကို သြဂုတ် ၁၇ ရက်က ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာတင်​ဇော်ဝင်းက ကိုယ်ဝန်​ဆောင်မိခင်များအ​နေဖြင့် အဟာရပြည့်ဝသည့် အစားအစာများ စားသုံးတတ်ရန်နှင့် ဌာနက​ပေးသည့်​ဆေးများကို ပုံမှန်​သောက်သုံးရန်လို​ကြောင်း၊ ကျန်းမာ​ရေးအသိရှိပြီး လိုက်နာကျင့်ကြံရန်လိုအပ်​ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင်လည်း ရောဂါကူးစက်ခံရမှု မရှိ​စေ​ရေးအတွက် လူစုလူ​​ဝေး​ရှောင်ရှားရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် စနစ်တကျ လက်​ဆေးရန်တို့ကို ဆွေး​နွေး​ပြောကြားသည်။

 

ထို့​နောက် သက်ဆိုင်ရာ ကျန်းမာ​ရေးဆရာမများက အစာအုပ်စု (၃) ခု ပါ​ဝင်​အောင်စားသုံး​ရေး၊ က​လေးဉာဏ်ရည်​ကောင်းရန် အိုင်အိုဒင်းဆားစားသုံး​ရေးတို့ကို အ​သေးစိတ်​ပြောကြားပြီး ကြက်သားဆန်ပြုတ် အာဟာရကို တိုက်​ကျွေးခဲ့သည်။



အဆိုပါ အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ NGO အဖွဲ့များ တက်​ရောက်ခဲ့ကြပြီး ကိုယ်ဝန်​ဆောင် မိခင်များအတွက် အား​ဆေး၊ ဗီတာမင် B1 ၊ သံဓါတ်အား​ဆေး၊ အိုင်အိုဒင်းဆားများအပြင် လက်သန့်​ဆေးရည်များကိုလည်း ဖြန့်ဝေ​ပေးခဲ့​ကြောင်း၊ အဆိုပါ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုကို ကျန်းမာ​ရေး ဝန်ထမ်းများက ဉီးဆောင်ကာ တစ်မြို့နယ်လုံးတွင် ​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။



​နေဝင်းမြင့်(ကျုံ​ပျော်)