Latest News
နောက်ဆုံးရသတင်းများ
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပ
09/06/19
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်ထားဆီးရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၂) ကြိမ်မြောက် ပန်းချီ၊ ကာတွန်၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အမှတ်(၂) အခြေခံပညာအထက်ကျောင်းတွင် ကျင်းပသည်။
ဓနုဖြူတွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သရုပ်ပြ
09/06/19
ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို ဇွန် ၇ ရက်က ဓနုဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ ဧရာဝတီ-ဟင်္သာတဘက်ကမ်း မရမ်းချောင်းရေကင်းစခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်အား ပုဂံခေတ်လက်ရာများဖြည့်စွက်၍ ဘက်စုံပြုပြင်မွမ်းမံလျက်ရှိ
09/06/19
မြန်မာပြည်၏ ဗုဒ္ဓဂါယာဟု အမှတ်သညာပြုကြသည့် ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီကြီးကို ပုဂံခေတ်လက်ရာများ ဖြည့်စွက်ကာ ဒေါက်တာခင်ရွှေနှင့် ဇနီး ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာမိသားစု)မှ ဦးဆောင်ဦးရွက်ပြုပြီး ကျိုက်ထီးဆောင်း ငါးသုံးလီမိသားစုနှင့် ခုနှစ်ရက်သားသမီးတို့၏ အလှူမှုတို့ဖြင့် ဘက်စုံပြုပြင်မွမ်းမံလျက်ရှိကြောင်း မင်းဘူးခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
မယ်စဲ့မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
09/06/19
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ခြင်အန္တရာယ်မှ ကင်းဝေးစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဇွန် ၈ ရက်က မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့ ချင်းတွင်းမြစ်ကမ်းဘေး သာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
09/06/19
ခန္တီးမြို့တွင် ချင်းတွင်းမြစ်ကမ်းဘေး သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
09/06/19
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားေ ကာင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ် အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
ချင်းတွင်းမြစ်ဝှမ်း ရေရှည်အသုံးပြုနိုင်ရန်ဒေသခံများ၏ အခန်းကဏ္ဍ အရေးကြီးဆုံးဖြစ်
09/06/19
ချင်းတွင်းမြစ်ဝှမ်း ရေရှည်တည်တံ့စွာ ခိုင်မြဲစေရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးသည် မြစ်ဝှမ်းဒေသနေပြည်သူများ၏ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သည့်အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း မြန်မာ့ဝန်းကျင်သိပ္ပံ(Myanmar Environment Institute – MEI )၏ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကြည်၏ ပြောကြားချက်အရ သိရသည်။
မိဘမဲ့နှင့် ဂေဟာနေ ကျောင်းသား/သူများအား ဆန်နှင့် ဆီများထောက်ပံ့လှုဒါန်း
09/06/19
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ပြုစုစောင့်ရှောက်ရေးနှင့် ဂေဟာများရှိ ကျောင်းသား/သူများအား ဧရာဝတီ မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီ(ACHC)မှ စားသုံးဆန်နှင့် ဆီများထောက်ပံ့ပေးအပ် လှုဒါန်း ခြင်းကို ဇွန် ၈ရက် နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။