Latest News
နောက်ဆုံးရသတင်းများ
ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
13/06/24
၁။ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကို လည်း ကြုံတွေ့ရနိုင်ပါသည်။
မြေပြိုဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
13/06/24
၁။ မြေပြိုဘေးအန္တရာယ်သည် ဇွန်လမှ ဩဂုတ်လများတွင် အဖြစ်များပြီး ကျန်ကာလများတွင်လည်း ရံဖန်ရံခါ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မြေပြိုဘေးသည် ပစ္စည်းဥစ္စာဆုံးရှုံးမှု အလွန်နည်းပါးသော်လည်း လူသေဆုံးမှု၊ ထိခိုက်/ ဒဏ်ရာရရှိမှု များပြားလှသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
13/06/24
ရန်ကုန် ဇွန် ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပပြုလုပ်သည်။
အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ် ထုတ်ဝေနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
13/06/24
နေပြည်တော် ဇွန် ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်အား ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာစီဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာန တိုးချဲ့ (၃)ထပ် ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
13/06/24
နေပြည်တော် ဇွန် ၁၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
Myanmar CDC နှင့် China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ
13/06/24
နေပြည်တော် ဇွန် ၁၃
Myanmar CDC နှင့် China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်း ချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း Myanmar CDC ၌ ကျင်းပပြုလုပ်သည်။
ကျိုင်းတုံ၊ မြစ်ကြီးနားနှင့်တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
13/06/24
နေပြည်တော် ဇွန် ၁၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၁ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ နောင်ခိုက်-နောင်ပေါင်းလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ သန်းရွှေကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း။