Latest News
နောက်ဆုံးရသတင်းများ
ဒုတိယဝန်ကြီး ဦးမြင့်စိုး ပန်းတနော်မြို့နယ်၊ စံကျောင်းစံပြကျေးရွာ (Smart Village) စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
29/05/24
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
29/05/24
နိုင်ငံသားတိုင်းသည် “ဖွဲ့စည်းပုံအခြေခံဥပဒေအား လေးစားရန်နှင့် ပြဋ္ဌာန်းသည့်ဥပဒေများအား လိုက်နာရန်” တာဝန်ရှိသည့်အလျောက် ဥပဒေကို လူတိုင်းသိရှိနားလည်ထားကြရန် ရည်ရွယ်၍ “ဥပဒေအသိပညာပြန့်ပွားရေး” သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်
29/05/24
မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုန်ရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည် ဖြစ်သည်။ မြစ်ရေတက်လာမှုပေါ် မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည်ဖြစ်သည်။ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန် လိုအပ်သည်။
မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် လမ်းများကောင်းမွန်ရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး
29/05/24
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင် ဦးအောင်နိုင်၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ကြားတောရလမ်းနှင့် ရေတာရှည်လမ်းဟောင်းထောင့်သို့ သွားရောက်၍ ကြားတောရလမ်းရေမြောင်းနှင့် ရေတာရှည်လမ်းရေမြောင်းများအတွင်း ပိတ်ဆို့နုန်းအမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဖတ်များဆုံး သတင်း
- 13/Jul/2026