Latest News

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်  နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်

မိုးလေဝသ

25/04/24

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မွန်းလွဲပိုင်းရွှေဈေး

စီးပွားရေး

25/04/24

၂၀၂၄ ခုနှစ်၊ ဧပြီ   ၂၅

ဒေးဒရဲမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး

ပြည်တွင်း

25/04/24

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်၊ ယဉ်ကျေးလိမ္မာနှင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်လျက်ရှိ

ပြည်တွင်း

25/04/24

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်၊ ယဉ်ကျေးလိမ္မာနှင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်များကို ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ကျောင်းသားကျောင်းသူများအား နွေရာသီယဉ်ကျေးလိမ္မာသင်တန်း  အခမဲ့ ဖွင့်လှစ်သင်ကြားပေး

ပြည်တွင်း

25/04/24

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ ကိုယ်၊ စိတ်၊ နှလုံး ယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဆရာတော် ဦးဝါယမ ဦးဆောင်၍ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်တွင်း

25/04/24

နေပြည်တော် ဧပြီ ၂၄

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့်ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ ကျုံမ် အန်းဗွီကြတ် (Mr.CHUM Angvichet) အား ယနေ့မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးကြိုးပမ်းဆောင်ရွက်

အယ်ဒီတာ့ အာဘော်

25/04/24

မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲ၊ ပြောင်း၊ နှမ်း စသည့် ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့မှုရှိသော်လည်း စားသုံးဆီကို ပြည်တွင်းလိုအပ်ချက်ရှိသမျှ .............

အဖတ်များဆုံး သတင်း