Latest News
နောက်ဆုံးရသတင်းများ
မှန်ကန်သည့်လမ်းကို ရွေးချယ်ကြပါစို့
03/04/24
သဉ္ဇာ
လူ့သဘောသဘာဝမှာ ကိုယ်ကရလျှင် ဝမ်းသာတတ်၊ ကျေနပ်တတ်ကြပြီး ကိုယ့်ဆီက လျော့သွားလျှင်မူ ဝမ်းနည်းတတ်၊ နှမြောတတ်ကြပါသည်။ ကျွန်မတို့သည် အချိန်နှင့်အမျှ တစ်ခုခုကိုရရှိရန် လုံးပန်းနေကြရာ ကျွန်မတို့ရလိုက်သော အရာဝတ္ထုတို့သည် အမှန်တကယ်ပင် ကောင်းမွန်နေရန် အရေးကြီးလှပေသည်။
“အင်းလုပ်ငန်း ရေရှည်တည်တံ့ရေးနှင့် အင်းငါးထုတ်လုပ်မှုတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဗုဒ္ဓဟူးနေ့စကားဝိုင်းကျင်းပ
03/04/24
နေပြည်တော် ဧပြီ ၃
(၃၂)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းကို ယနေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး စုဝေးခန်းမ၌ အင်းလုပ်ငန်း ရေရှည်တည်တံ့ရေးနှင့် အင်းငါးထုတ်လုပ်မှုတိုးတက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပသည်။
ဒုတိယဝန်ကြီးဦးဝင်းဖေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ကျန်းစမ်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ
03/04/24
နေပြည်တော် ဧပြီ ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်
03/04/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးဈေးကွက်အတွင်း ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မြေထောက်ပဲများ အရောင်းအဝယ်ကောင်းနေ
03/04/24
ယခုနှစ် ပဲရာသီတွင် မန္တလေးပဲဈေးကွက်အတွင်း၌ မြေထောက်ပဲများ ပြည်ပ အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားကြောင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေပဲတီစိမ်း ၁၇၄ ဧက စိုက်ပျိုးပြီးဖြစ်
03/04/24
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေရာဒေသအလိုက် ရေရရှိရေး နည်းလမ်းများအသုံးပြုပြီး နွေသီးနှံများ စတင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ် နွေပဲတီစိမ်းသီးနှံ (၄၉၀)ဧက လျာထားထားစိုက်ပျိုးလျက်ရှိရာ ................
ခန္တီးမြို့နယ် မယ်ပုတ် - ကျားကိုက် - မလန်ပိုင် ကျေးရွာချင်းဆက်လမ်း မြေလမ်း ၁ဝ မိုင်အနက် ၃ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် Box Culvert ၁ဝ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းဆောင်ရွက်ပြီးစီး
03/04/24
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၃၄ ဒသမ ၉ဝဝ သန်းဖြင့် .............
အဖတ်များဆုံး သတင်း
- 9/Jul/2026