Latest News
နောက်ဆုံးရသတင်းများ
တနင်္သာရီတိုင်းဒေသကြီး ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
04/03/24
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
04/03/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အအုံ တည်ဆောက်မှု ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး
04/03/24
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက် နံနက်ပိုင်းက အဆောက်အဦဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ ခရိုင်(ခ)အဆင့် စုပေါင်းရုံး သုံးထပ်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
စစ်တွေမြို့ ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
04/03/24
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို မတ် ၄ ရက် မွန်းလွဲပိုင်းက ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ) သင်တန်း အမှတ်စဉ်(၅၂) သင်တန်းဖွင့်ပွဲကျင်းပ
04/03/24
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အချင်းပြည့်ဝသည့် ဧည့်လမ်းညွှန်ကောင်းများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ မတ် ၄ ရက် နံနက်ပိုင်းက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်း အမှတ်စဉ်(၅၂) သင်တန်းဖွင့်ပွဲကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
ကချင်ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
04/03/24
ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်လုံ ခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းကို မတ် ၄ ရက် နံနက်ပိုင်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများ ဖွင့်ပွဲကျင်းပ
04/03/24
မဲခေါင်-လန်ချန်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း(၂၀၂၁) အရ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အရည်အသွေးနှင့် အာနိသင်အား စမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများ ဖွင့်ပွဲကို မတ် ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေး ဓာတ်ခွဲခန်း အဆောက်အအုံရှေ့၌ ကျင်းပခဲ့သည်။