Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး
04/03/24
နေပြည်တော် မတ် ၄
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးကွန်ပျူတာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ
04/03/24
နေပြည်တော် မတ် ၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍ ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ ဝန်ကြီးဌာနရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ရေရရှိရေး ဆောင်ရွက်ထားမှု စစ်ဆေးပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ
04/03/24
တောင်ကြီး မတ် ၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့က အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ ရေရရှိရေးအတွက် ဆောင်ရွက်ထားမှုကို သွားရောက်စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
04/03/24
နေပြည်တော် မတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် မတ် (၄)ရက် နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွါတော့မည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ နိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ဗဟို)ကြီးကြပ်ရေးအဖွဲ့ နဝမအကြိမ် အစည်းအဝေး ကျင်းပ
04/03/24
ရန်ကုန် မတ် ၄
ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ နဝမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေး ကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်
04/03/24
နေပြည်တော် မတ် ၄
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို မတ် ၄ ရက် နံနက်ပိုင်းက နေပြည်တော် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ သင်တန်းဖွင့်ပွဲကျင်းပ
04/03/24
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) ဗဟိုလေ့ကျင့်ရေးကျောင်းတွင် စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့် စာကြည့်တိုက်မှူးသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲကို မတ် ၄ ရက် နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။