Latest News
နောက်ဆုံးရသတင်းများ
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဘင်္ဂလားကျားအပါအဝင် ရှားပါးမျိုးစိတ် ၂၅ မျိုးရှိကြောင်း ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်နိုင်ခဲ့
29/02/24
စစ်ကိုင်းတိုင်းဒေသကြီးဂ ဟုမ္ပလင်းမြို့ ထမံသီဘေးမဲ့တောသည် အင်း၊ အိုင်အများအပြားနှင့် ချောင်းကြီး၊ ချောင်းငယ်များစွာ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စား လျက်ရှိ၍ ကင်မရာထောင်ချောက်များဖြင့် ရက် ၉၀ ကြာ မှတ်တမ်းတင်ရာ၌ ဘင်္ဂလားကျား အပါအဝင် ရှားပါးမျိုးစိတ် ၂၅ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
Naypyitaw State Academy ၌ မမျှော်မှန်းနိုင်သော အန္တရာယ်များအတွက် အာမခံအကာအကွယ်ဆိုင်ရာ ဟောပြောပွဲ ကျင်းပ
29/02/24
Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ အာမခံလုပ်ငန်း၏ အရေးပါမှုနှင့် မမျှော်မှန်းနိုင်သော အန္တရာယ်များအတွက် အာမခံ၏အကာအကွယ် ရယူနိုင်မှုတို့ကို သိရှိနားလည်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အာမခံလုပ်ငန်းဆိုင်ရာ ဟောပြောပို့ချခြင်းကို ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းက Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
29/02/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
ခွန်ခမာခါးပတ်လုပွဲ ယှဥ်ပြိုင်ကြမည့် မြန်မာရိုးရာလက်ဝှေ့အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ
29/02/24
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် ခွန်ခမာခါးပတ်လုပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် မြန်မာရိုးရာလက်ဝှေ့အဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
29/02/24
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။