Latest News

နောက်ဆုံးရသတင်းများ

နေ့စဉ်မိုးလေဝသသတင်း ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်

မိုးလေဝသ

09/01/24

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်း ဝန်ထမ်းများနှင့် တွေ့ဆုံ

ပြည်တွင်း

09/01/24

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

ပြည်တွင်း

09/01/24

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာနှစ်စောင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး 

ပြည်တွင်း

09/01/24

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ..............

စွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်ရာ၌ စက်မှုပိုင်းဆိုင်ရာနှင့် နည်းပညာပံ့ပိုးနိုင်ပါက ခိုင်မာသည့်ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လာနိုင်

ပြည်တွင်း

09/01/24

ပြည်တွင်းမှရရှိသည့် စွန့်ပစ်ပစ္စည်းများမှ တန်ဘိုးမြှင့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်တွင်းနှင့် ပြည်ပသို့ဖြန့်ချီတင်ပို့ရာ၌ စက်မှုပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာကို ...............

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများတွေ့ဆုံ

ပြည်တွင်း

09/01/24

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး၌ ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိဖြန့်ခွဲနေမှုအား ကြည့်ရှုစစ်ဆေး

ပြည်တွင်း

09/01/24

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ MV Moon Light သင်္ဘောဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသည့် ပစ္စည်းများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စစ်တွေဖောင်တော်ကြီးဆိပ်ကမ်း၌ ကုန်တင်ကုန်ချပြုလုပ်နေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ညနေပိုင်း  ရွှေအပိတ်ဈေး

စီးပွားရေး

09/01/24

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ   ၉

နေ့စဉ်မိုးလေဝသသတင်း မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်

မိုးလေဝသ

09/01/24

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

အဖတ်များဆုံး သတင်း