Latest News
နောက်ဆုံးရသတင်းများ
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
အလေးမ အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲ နောက်ဆုံးနေ့ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေးပြုလုပ်
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိတပ်ဖွဲ့ဝင် ၆၀၊ အခြားအဆင့်တပ်ဖွဲ့ဝင်(၁၃၃)ဦး၊ စုစုပေါင်း(၁၉၃)ဦးတို့သည် ယနေ့ နံနက် ၈ နာရီတွင် တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရန်ကုန်မြို့ရှိ နိုင်ငံခြားသားများရေးရာဌာန၊ ပြည်ဝင်၊ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲနှင့် အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မှတ်တမ်းဌာန(ရန်ကုန်) ကြည့်ရှုစစ်ဆေး
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန နိုင်ငံခြားသားများရေးရာဌာန၊ ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာ ဌာနခွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်မိုး စပါးပန်းတိုင်အထွက်နှုန်းရရှိရေး တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက်ကြည့်ရှုစစ်ဆေး
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
ဒုတိယဝန်ကြီး ဦးမြင့်စိုး ရွှေတောင်မြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကြည့်ရှုစစ်ဆေး
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုမှ ခရိုင်၊ မြို့နယ် အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ငါးသားဖောက်ခြင်း၊ ငါးသားပေါက် ဖြန့်ဖြူးခြင်းနှင့် ငါးမွေးမြူရေး တောင်သူများ သင်တန်းပေးခြင်းကြည့်ရှုစစ်ဆေး
16/09/23
နေပြည်တော် စက်တင်ဘာ ၁၆
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တွံတေးမြို့၊ ငါးလုပ်ငန်းစခန်း၏ ငါးသားဖောက်ခြင်း၊ ငါးသားပေါက် ဖြန့်ဖြူးခြင်းနှင့် ငါးမွေးမြူရေး တောင်သူများ သင်တန်းပေးခြင်း လုပ်ငန်းဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။