Latest News
နောက်ဆုံးရသတင်းများ
ကိုက်ညီသည့်အုပ်ချုပ်ပုံစနစ်နှင့်အတူ လူ၏စေတနာကသာ ပို၍အရေးကြီးပါသည်
06/09/23
မြင့်မြတ်
စနစ်ဆိုတာ လူတွေကလုပ်တာ၊ ဖန်တီးတာ၊ လူတွေကြောင့် စနစ်ဖြစ်လာတာ၊ လူတွေပိုကောင်းဖို့ စနစ်သစ်တွေ ပြဋ္ဌာန်းရတာ၊ ဒါပေမဲ့ လူတွေပြုလုပ်ဖန်တီး ထားတဲ့စနစ်က လူတွေကို ပိုကောင်းအောင်၊ ပိုတိုးတက်အောင် ပြန်မလုပ်ပေးနိုင်တဲ့အခါ လူနဲ့စနစ်က သဟဇာတမဖြစ်တော့ဘဲ ဒီလူတွေကပဲ ဒီစနစ်ကို တိုက်ထုတ်လိုက်ကြပြန်ရော . . . ဖြစ်ပုံက။
The Global New Light of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပ
06/09/23
နေပြည်တော် စက်တင်ဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း The Global New Light of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
05/09/23
နေပြည်တော် စက်တင်ဘာ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တာဝန်ရှိသူများနှင့်အတူယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်နှင့် မိတ္ထီလာတက္ကသိုလ်သို့ သွားရောက်၍ လူငယ်သီတင်းပတ်(Youth Week) အထိမ်းအမှတ် လူငယ်စွမ်းရည်ပြပွဲများကို လှည့်လည်ကြည့်ရှုအားပေး
05/09/23
နေပြည်တော် စက်တင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ လူငယ်သီတင်းပတ် (Youth Week) အထိမ်းအမှတ် လူငယ်စွမ်းရည်ပြပွဲများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar ကို လက်ခံတွေ့ဆုံ
05/09/23
နေပြည်တော် စက်တင်ဘာ ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar ကို ယနေ့မွန်းလွဲ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။