Latest News

Latest News

မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပြည်တွင်း

05/07/22

မော်လမြိုင် ဇူလိုင် ၅

မော်လမြိုင်မြို့၌ မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် ဒေသခံပြည်သူများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းပေးအပ်

ပြည်တွင်း

05/07/22

ကျောက်ကြီး၊ ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သည့် ကျောက်ကြီးမြို့နယ်အတွင်း ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူ အင်းနက်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာတို့မှ အိမ်ထောင်စု(၂၀၀)စုအတွက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ 

ပြည်တွင်း

05/07/22

သရက်ချောင်း ဇူလိုင် ၅  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူ လယ်သမားများအား ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီခွဲမှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

မိုးလေဝသ

05/07/22

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေသည်။

အဖတ်များဆုံး သတင်း