Latest News
Latest News

ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
11/06/22
မကွေး ဇွန် ၁၁
မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက မကွေးမြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ပန်းတနော်မြို့တွင် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများအား မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
11/06/22
ပန်းတနော်၊ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အခြေခံပညာဦးစီးဌာနမှ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် မွန်းလွဲ ၃ နာရီက အ.ထ.က(၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မံစီမြို့နယ်၌ လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဆင်းပွဲ ကျင်းပ
11/06/22
မံစီ ဇွန် ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမဆောင်၌ ဇွန် ၁၀ ရက် မွန်းလွဲ ၃ နာရီက လက်ထောက်မူလတန်းပြ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း ဆင်းပွဲကျင်းပခဲ့သည်။

ဝန်ကြီးချုပ် ဦးတင့်လွင် နတ်မောက်မြို့နယ် မြို့မဈေးသစ် တက်ရောက်ဖွင့်လှစ်ပေးပြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန ကြည့်ရှုစစ်ဆေး
11/06/22
နတ်မောက် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် နံနက် ၉ နာရီက အဆိုပါဈေးအရှေ့ဘက်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးဒီပလိုမာ(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ငါးမွေးမြူရေးပညာရှင်နှင့် ငါးမွေးမြူရေးတောင်သူများ၏ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်အားပေး
11/06/22
မြစ်ကြီးနား ဇွန် ၁၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)၏ စိုက်ပျိုးရေးဒီပလိုမာ(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေး အမှာစကားပြောကြားသည်။

ဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ
11/06/22
မြို့သစ် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီက မြို့သစ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့သစ်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။