Latest News
Latest News

နတ်မောက်မြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက ၊ အရေး ၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
20/05/22
နတ်မောက် မေ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း
20/05/22
နေပြည်တော် မေ ၂၀
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

မြစ်ကြီးနားမြို့နယ် ရပ်ကွက်/ ကျေးရွာအဆင့် အသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ
20/05/22
မြစ်ကြီးနား မေ ၂၀

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
20/05/22
ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမပင်လယ်ကွေ့)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမကမ်းလွန်အနီး)တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့သည်။

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
20/05/22
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ကပ္ပလီပင်လယ်ပြင မြောက်ပိုင်း(မုတ္တမပင်လယ်ကွေ့)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမ ကမ်းလွန်အနီး)တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေသည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ
20/05/22
ဓနုဖြူ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ``ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့´´ အသိပညာပေး မြေစိုက် ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့၊ နံနက်က နာရီစင်အနီး မဟာဗန္ဓုလလမ်းမကြီးတွင် စိုက်ထူခဲ့သည်။

တာချီလိတ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
20/05/22
တာချီလိတ် မေ ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြိုနယ် အတွင်းရှိ စာသင်ကျောင်းများသို့ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက မေ ၂၀ ရက် နံနက် ၉ နာရီမှ စတင်၍ ကွင်းဆင်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
