ရှေ့နေနှင့်လက်စွဲစာအုပ်
ခေါင်းဆောင်ဆိုတာဘာလဲ။ ဘာအရည်အချင်းတွေရှိရ မှာလဲ။ ခေါင်းဆောင်ဆိုသည်မှာ သာမန်လူထက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသူမဟုတ်။ မွေးကတည်းက နဖူးတွင် အမှတ်တံဆိပ် ခတ်နှိပ်ခံထားရသူလည်း မဟုတ်ပါ။ ခေါင်းဆောင်ဟူသည် လူထဲကလူတစ်ယောက်ပင် ဖြစ်သည်။ ထိုသို့ လူထဲကလူဆိုသော်ငြား လူသာမန် တို့ထက် တွေးတောဆင်ခြင်မှု ပိုမိုအားကောင်းသော၊ အမြင်ပိုကျယ်သော ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချတတ်သော၊ အဖွဲ့အစည်း၏ရှေ့တွင် မားမားမတ်မတ် ရပ်တည် ပေးတတ်သော၊ အမှားကိုဝန်ခံရဲပြီး တာဝန်ယူတတ်သော၊ လက်အောက်ငယ်သားတို့အပေါ် ညှာတာစိတ်ရှိသော စသည့် ကောင်းမြတ်မွန်ရည်သည်နှင့် ပြည့်စုံကြသူများ ဖြစ်သည်ဟု ဖော်ပြထားပါသည်။







