ကိုဖစ်- ၁၉ ကာလအတွင်း အသွင်ပြောင်းလဲဆန်းသစ်လာရသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ
ဩဂုတ်လနှောင်းပိုင်းမှာတော့ ဆန်ဒိုင်းမြို့ ကနေ တိုကျိုကို ပြေးဆွဲလာတဲ့ တိုဟိုကူ ရှင်ကန်ဆန်ကျည်ဆန်ရထားပေါ်မှာ ပုံမှန်မဟုတ်တဲ့ ခရီးသည်တွေကို တွေ့မြင်နေရပါတယ်။ အရင်တုန်းကဆိုရင် နွေရာသီခရီးသွားတွေနဲ့ပြည့်နှက် နေတဲ့ကားပေါ်မှာလည်း အခုအခါမှာတော့ ကမာကောင်တွေနဲ့ အခြားသောရေထွက်ပစ္စည်းတွေက နေရာယူလာပါတယ်။








